ရန်ကုန်၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတစ်ခုကို ဆားလင်းကြီး မြို့တွင်းတစ်နေရာတွင်ပြုလုပ်ခဲ့ပြီး လက်ပံတောင်းတောင်ပင်မ သပိတ်စစ်ကြောင်းမှ လာရောက်ပူးပေါင်းဝန်းရံသည်။
အဆိုပါ ချီတက်ဆန္ဒပြပွဲတွင် အကြမ်းဖက်စစ်တပ်၏ ပြည်သူအပေါ် ညှဉ်းပန်း နှိပ်စက် ရက်စက် သတ်ဖြတ်မှုများကို သရုပ်ပြမှုများဖြင့် ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။
ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး။