32 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မင်းအောင်လှိုင် က ဩဂုတ်လ ၁ ရက်နေ့ ဖွဲ့စည်းလိုက်တဲ့ ရုရှားစက်သုံးဆီ ဝယ်ယူရေးကော်မတီမှာ သားဖြစ်သူ အောင်ပြည့်စုံပိုင် Yetagon Energy Trading ကုမ္ပဏီက အဖွဲ့ဝင်အဖြစ်နေတယ်လို့ သိရပါတယ်။ – ရန်ကုန်နဲ့ နေပြည်တော်မှာ ရုရှားစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ရန် ရှိနေပြီး အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်တာဖြစ်တယ်လို့ မနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ – စစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းစေ့စပ်မှုဟာ အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုတာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ်နိုလင်ဟေဇာက မင်းအောင်လှိုင်ကို မနေ့က တရားဝင်ပြောဆိုလိုက်ပါတယ်။ – ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာနဲ့တောင်ဥက္ကလာပ အစပ် သံသုမာလမ်းနဲ့ ဂန္ဓာမာလမ်းထောင့်ရှိ ခြေမြန် တပ်ရင်း ၄၃၅ တပ်ရှေ့ဂိတ်က လုံခြုံရေးဘန်ကာဂိတ်ကို မနေ့က ညပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article