29 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရဟတ်ယာဉ် ဆင်းနိုင်တဲ့ အမှတ် ၁ စစ်ဆေးရုံကြီး(ခုတင် ၁၀၀၀) အထူးကုသမှု စင်တာကို အကြမ်းဖက် အာဏာလု မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံကို တည်ဆောက်ခွင့်ပေးခဲ့ပြီး ၊ လူယုံမောင်မောင်နိုင် ဆိုသူက အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုရဲ့ စီးပွားရေးတာဝန်ခံ ဖြစ်လာတယ်လို့ သိရပါတယ်။

-စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး ကားလမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး တွေကို ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၄ ဦးသေပြီး ၊ ၆ ဦး ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

– မကွေးတိုင်း ၊ မြိုင်မြို့နယ်တဲကြီး နဲ့ နယ်သတ်ရွာ အကြား PDF တပ်ဖွဲ့က နယ်မြေရှင်း လင်းရေး လုပ်ဆောင်တဲ့အချိန် စစ်ကောင်စီဘကက် ကျည်ဆံတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article