24.8 C
Yangon

ဒလမြို့နယ်၊ ရခိုင်ချောင်တွင် တော်ပီဒို ဒုံးကျည် စက်ရုံနှင့်ရေတပ်စခန်းကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံပင် ဆောက်လုပ်ခွင့်ရ ၊ စခန်းနှင့်စက်ရုံပြီးစီး ၍ ရုရှားစက်ပစ္စည်းများ မကြာခင်တပ်ဆင်မည်

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရခိုင်ချောင်ကျေးရွာအနီး တွင် တော်ပီဒိုစက်ရုံနှင့် ရေတပ်စခန်း ကို မင်းအောင်လှိုင် သားဖြစ်သူ အောင်ပြည့်စုံ၏ Sky One Construction ကပင် ဆောက်လုပ်ခွင့်ရရှိပြီး စက်ရုံအဆောက် အဦး၊ ဆိပ်ခံတံတားနှင့် ရဟတ်ယာဉ်ကွင်းများ တည်ဆောက်ပြီးစီး၍ လုပ်ငန်းအပ်နှံလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဒလမြို့နယ်၊ ရန်ကုန်မြစ်ကမ်းဘေးရှိသော တော်ပီဒို ဒုံးကျည် စက်ရုံနှင့်ရေတပ်စခန်းသည် သန်လျင်မြို့နယ်ရှိ ရေတပ်သင်္ဘောကျင်း ဌာနချုပ်နှင့် ကမ်းတစ် ဖက် တစ်ချက်စီတွင်ရှိကြကြောင်း၊ ယင်းတော်ပီဒို ဒုံးကျည်စက်ရုံနှင့် ရေ တပ် စခန်း ကိုလည်း မင်းအောင်လှိုင်က သူ၏ သားဖြစ်သူ အောင်ပြည့်စုံကိုပင် ပေး အပ် ခဲ့ခြင်းဖြစ်ကြောင်း၊ တော်ပီဒိုဒုံးကျည်များသည် အဓိကအားဖြင့် ရေငုပ် သင်္ဘောများနှင့် စစ်သင်္ဘောများကို ဖျက်ဆီးတိုက်ခိုက်ရန် အတွက်ဖြစ်ကြောင်း ၊ အောင်ပြည့်စုံက လုပ်ပိုင်ခွင့်ရရှိပြီး လူယုံ မောင်မောင်နိုင် ကပင် ဦးစီး၍ ဆောက် လုပ်ရခြင်းဖြစ်ကြောင်း၊ လတ်တလော စက်ရုံပြီးစီးပြီဖြစ်၍ မကြာမီ စက်ပစ္စည်းများ ရုရှားမှ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

“GE တပ်ကို စက်ရုံနဲ့ စခန်းဝင်းတည်ဆောက်တာတွေကို အပ်တာ ရက်ပိုင်းပဲရှိသေးတယ်။ စက်ရုံပဲ ပြီးသေးတယ်။ အခွံ့ကြီးပဲပေါ့။ စက်တွေမရောက်သေးဘူး။ ရုရှားစက်တွေ တပ်မှာလို့ သိရတယ်” ဟု သတင်းရင်းမြစ်က အတည်ပြုသည်။

အကြမ်းဖက်စစ်ကောင်စီတွင် တစ်ပတ်ရစ် ရေငုပ်သင်္ဘောအဟောင်း ၂ စင်းရှိပြီး ပထမ ရေငုပ်သင်္ဘောမှာ မင်းရဲသိင်္ခသူအမည်ရ ရုရှား ရေငုပ်သင်္ဘောဖြစ်ကြောင်း၊ အဆိုပါ ရေငုပ်သင်္ဘောသည် ၁၉၈၀ ခုနှစ်တွင် ရုရှားထံမှ အိန္ဒိယက ဝယ်ခဲ့ကာ ၂၀၂၀ ခုနှစ်တွင် အိန္ဒိယက မြန်မာစစ်တပ်ကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒုတိယရေငုပ်သင်္ဘောမှာ မင်းရဲကျော်ထင် အမည်ရ တရုတ်ရေငုပ်သင်္ဘောအသေးစားဖြစ်ပြီး တရုတ်နိုင်ငံက ယမန်နှစ်က ပေးအပ်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article