ရန်ကုန်၊ ဩဂုတ် ၁၈
ရန်ကုန်မြို့လယ်ခေါင်တွင် တော်လှန်တက်ကြွလူငယ်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် မြန်မာအရေးတွင် စိုးရိမ်ကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း စာများသာ ထုတ်နေသည့် ကမ္ဘာ့ကုလသမဂ္ဂကို ယနေ့ ဩဂုတ်လ ၁၈ ရက် ညနေ၌ ဆန့်ကျင်ဆန္ဒပြကြသည်။
အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ခြင်းနှင့် မြန်မာပြည်သူများ၏ သဘောထားကို နိုင်ငံတကာအသိုက်အဝန်းသို့ သတင်းစကားပေးလိုခြင်း ဖြစ်ကြောင်း သပိတ်အဖွဲ့ထံမှ သိရှိရသည်။
Photo – AAMIJ