ရန်ကုန်၊ ဩဂုတ် ၁၉
အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်ကို ပြောဆိုကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။
ယနေ့ စစ်တပ်၏ သတင်းထုတ်ပြန်မှုတွင် အကြမ်းဖက် မင်းအောင်လှိုင်က လက်ရှိတွင် ၎င်းအနေဖြင့် နိုင်ငံကို မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအနေဖြင့် တာဝန်ယူဆော်ငရွက်သည့် ကာလ အကန့်အသတ်ရှိကြောင်း၊ (ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန်) လာမည့်ကာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့က သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ပြောကြားရမည်ဆိုလျှင်မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမည့် သမ္မတကသာ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်က သမ္မတလုပ်မည့် သဘော ပုံစံလော( သို့မဟုတ်) ရွေးကောက်ခံ သမ္မတ၏ ဥပဒေအရ သက်တမ်းကာလကို ရှင်းပြသည့် ပုံစံလော ဆိုသည်ကို ရှင်းရှင်းလင်းလင်းမဖော်ပြဘဲ လုံး ထွေးရေးသားသည့်အပြင် ၂၀၀၈ ဥပဒေအရ သမ္မတသည် ရွေးကောက်ပွဲ ၂ ကြိမ် အနိုင်ရရှိမှသာလျှင် ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်မည့် အချက်ကို မဖော်ပြထားပေ။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေးရေး တောင်းဆိုမှုအပေါ် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် အပေါ် ယခုထက်ပိုမို အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်သော်လည်း သက်ညှာသော အား ဖြင့် မပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားစီရင်မှုများ ပြီးဆုံးပြီးနောက် ၎င်းတို့ ၏ လုပ်ဆောင်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်လာမှုများကို မူ တည် ၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စဉ်းစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် မင်းအောင်လှိုင်တို့ သည် ဩဂုတ်လ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်။