By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -အကြမ်းဖက်စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံအပါအဝင် တပ်ဆောက်လုပ်ရေးလုပ်ငန်း၊ ပရောဂျက်တွေနဲ့ စီမံကိန်းမျိုးစုံကို Authentic ဆောက်လုပ်ရေးကုမ္ပဏီကလည်း လုပ်ခွင့်ရလာနေပြီး မင်းအောင်လှိုင်မွေးထုတ်တဲ့ ခရိုနီကုမ္ပဏီအသစ်တစ်ခုဖြစ်လာနေတယ်လို့ တပ်သတင်းရင်းမြစ်နှင့် စီးပွားရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ – မကွေး၊ မြိုင်-ပခုက္ကူလမ်းပိုင်းမှာ ဩဂုတ်လ ၂၀ ရက်နေ့က ဖမ်းဆီးရမိပြီး သေဆုံးသွားတဲ့ဗိုလ်ဆန်းဝင်းအောင်ဟာ နေပြည်တော်စစ်ကောင်စီထောက်လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနဲ့ GPS သင်တန်းတွေပို့ချသူ၊ Spy ပစ္စည်းတွေနဲ့ သင်တန်းပို့ချသူဖြစ်တယ်လို့ သိရပါတယ်။ – အာဆီယံအဖွဲ့ကြီးရဲ့ လက်ရှိဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ရုရှားနဲ့ တွေ့ဆုံဆွေးနွေးမဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်ရဲ့ တရားမဝင် စစ်ကောင်စီကို ဖိတ်ကြားလိုက်ပါတယ်။ – အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေတပ်အရာရှိနဲ့ ပိုင်းလော့တွေ ပြင်ပမှာ မနေရဲတော့လို့ လေတပ်ဝင်းတွေမှာ အိမ်ရာနဲ့လုံးချင်းအိမ်တွေကို စစ်တပ်က ဆောက်လုပ်ပေးနေတဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။