By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၄ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ် ထိုးပြီးပါက လက်နက်ဆက်ကိုင်ချင်ရင် စစ်ကောင်စီတပ် နဲ့ နယ်ခြားစောင့်တပ် ထဲ ဝင်နိုင်တယ်လို့ အကြမ်းဖက် အာဏာလု မင်းအောင်လှိုင်က ပြောပါတယ်။ -ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၈ (အီး) ရပ်ကွက်မှာ ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက ကြံ့ဖွတ်ပါတီဝင်၊ စစ်တပ် အမာခံ ၊ သတင်းပေး ဒလန် တင်အောင်ဆိုသူ ပစ်ခတ်ခံရပြီး သေသွားတယ်လို့ သိရပါတယ်။ – ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ထွေ/အုပ်ရုံးမှာ မြို့နယ် စစ်ကောင်စီက ဆင့်ခေါ် တဲ့ အစည်းအဝေးကို တက်ရောက်ပြီး ပြန်လာတဲ့ ဇီဖြူကုန်း- ကျေးရွာအုပ်ချုပ်ရေးမှူး ခင်ညွှန့် နဲ့ ရာအိမ်မှူးတွေ လိုက်ပါ လာတဲ့ ကား ဟာ ဩဂုတ်လ ၂၂ ရက်နေ့က ပစ်ခတ်ခံရပြီး လူ ၆ ဦး သေသွားတယ်လို့ ဒေသခံတွေ နဲ့ စစ်တပ် သတင်းရင်းမြစ်တချို့က ပြောပါတယ်။ – စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ၊ ညောင်ကုန်း- ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က သြဂုတ် လ ၂၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရွာလုံးကျွတ် မီးရှို့ဖျက် ဆီးခဲ့တဲ့အတွက် တစ်ရွာ လုံးနီးပါး မီးလောင်ပြာကျသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။