By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေမှန်မှာ ပြည်သူအများအပြားအသတ်ခံနေရမှု၊ အိုးအိမ်တွေစွန့်ကာ စစ်ဘေးရှောင် နေရမှုအပါအဝင် အဖမ်းခံနေရမှုတွေ ဖြစ်ပွားနေပေမယ့်လည်း အာဆီယံဆီကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီလိုသတင်းအမှန်တွေမရတဲ့အပေါ်ကျေနပ်အားရမှုမရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆာဖူဒင် အဗဒူလာက သူ့ရဲ့လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားလိုက်ပါတယ်။ – အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ စစ်ကောင်စီ ရဲ့ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးတဲ့သတင်းဟာ အမှားဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ရှင်းလင်းလိုက်ပါတယ်။ – ပဲခူးတိုင်း၊ သုံးဆယ်မြို့မှာ အသက် ၁၉ နှစ်အရွယ် အိမ်အကူ မကြူကြူလွင် နှိပ်စက်ခံရပြီး သေဆုံးမှုကို အိမ်ရှင်နဲ့ အကြမ်းဖက်စစ်တပ်အာဏာပိုင်တွေ ပူးပေါင်းပြီး အမှုဖျောက်ဖျက်လိုက်လို့ အမှုမှန်ပေါ်ဖို့ ခက်ခဲနေပါတယ်။ – စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကို ရဟတ်ယာဉ်တွေနဲ့ ကန့်ဘလူ၊ ကျွန်းလှနဲ့ကောလင်းဘက်ကို ရဟတ်ယာဉ်တွေနဲ့ ဩဂုတ်၂၃ညနေပိုင်းကစတင်ပြောင်းရွှေ့နေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။