25 C
Yangon

KNU တပ်မဟာ ၅ တွင် စစ်ကောင်စီက ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ နေအိမ်များ ပျက်စီးပြီး ပြည်သူ ၁ ဦး သေဆုံး၊ မောဒေးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၅၊ မူတြော် (ဖာပွန်) ခရိုင်တွင် နယ်မြေကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ BGF များက အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဘူးသိုမြို့နယ်၊ မဲကလောကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေးလောပူကျေးရွာရှိ နေအိမ် ၁ လုံး ထိမှန်ပျက်စီးကာ အသက် ၅၆ နှစ်အရွယ် ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖာပွန်နှင့် ကမမို (ကမမောင်း) ကြားရှိ စစ်ကောင်စီလက်ပါးစေ BGF ၁၀၁၄ တပ်ရင်းက ဘူးသိုမြို့နယ်၊ မဲကလောကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၂ အစပ်ရှိ လူသောမြို့နယ်၊ ဖလာခိုဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နယ်မြေကျူးကျော်ကာ စစ်ရေးလှုပ်ရှားလာမှုကြောင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့များနှင့် မောဒေးဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးက ၉ ဦး ဒဏ်ရာရကြောင်း တပ်မဟာ ၅ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article