32 C
Yangon

ရန်ကုန်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက် ခံရပြီး ထိခိုက်ဒဏ်ရာ ရမှုများပြား၊ လှိုင်သာယာမြို့နယ် ကစင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ သြဂုတ် ၂၇

ရန်ကုန် တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး လက်ခုပ်ကုန်းကျေးရွာ အုန်းပင်စိုက်ပွဲသို့လာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းကို သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများပြားကြောင်း S.O.F တပ်ဖွဲ့ထံမှ သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရသော ယာဥ်တန်းတွင် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် ကောင်စီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ၊ စစ်သားနှင့် ရဲများပါလိုက်ပါလာပြီး ယာဥ်တန်းကို ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိမှုများပြားပြီး ယာဥ်များပါ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက်ဖြင့် ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ၆ ) အခြေပြု S.O.F Squad – 7 (EAGLE SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တောင်ပိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန် လှိုင်သာယာမြို့နယ် ကစင်ရပ်ကွက် အင်ကြင်းလမ်း အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် MUPDF အဖွဲ့မှ လက်လုပ်မိုင်း၊ သေနတ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း Myanmar Underground People Defense Force အဖွဲ့ထံမှသိရသည်။

ရပ်ကွက်ရုံးမှ အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်များအနေဖြင့် ပြည်သူများအပေါ်တွင် ဖိနှိပ်မှုများ ဆက်မလုပ်ရန်နှင့် ပြင်းထန်သော mission များ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် စစ်ကောင်စီ ၏ ဒေါက်တိုင်များ ဖြစ်ကြတဲ့နေရာများနှင့် ထိုသူများ အား အတတ်နိုင်ဆုံးရှောင်ရှားနေကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ missionလုပ်ဆောင်ပြီးသည့်အခါတွင်လည်း သွားရောက် ကြည့်ရှု့ခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း MUPDF မှ ထုတ်ပြန်ထားသည်။

အဆိုပါ ရပ်ကွက်ရုံးကို MUPDF မှ ညနေပိုင်းတွင် တိုက်ခိုက်ရန် စီစဥ်ထားသော်လည်း ရပ်ကွက်နေ ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် နံနက်ပိုင်းတွင် ပြောင်းလဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

Photo – အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article