30 C
Yangon

ထီးချိုင့်တွင် စစ်တပ် စစ်ကြောင်း ပိတ်ဆို့ တိုက်ခိုက်ခံရပြီး နောက် တိုက်လေယာဥ်ဖြင့် ဗုံးကြဲ၊ တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ စစ်တပ် ပစ်သတ်၍ ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၂၉

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ပိတ်ဆို့ တိုက်ခိုက် ခဲ့သောကြောင့် တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲ ကယ်ထုတ်ခဲ့ရပြီး စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အင်းတော်မြို့နယ် ပိန္နဲကုန်းရွာမှ ပြန်လည်ဆုတ်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထီးချိုင့်မြို့နယ် လေသာရွာတွင် ညအိပ်ပြီး ပြန်လည်ထွက်ခွာစဥ် ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုများမှ ပူးပေါင်း တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ များပြားခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်တပ် စစ်ကြောင်းများ တပ်ပျက်ကာ ဆုတ်ပြေးပြီး ကန်ပေါက်ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ယင်းသို့ ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ဗိုက်ရှပ်ထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကန်ပေါက်ရွာသား တစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် ကန်ပေါက်ရွာ အနောက် သရက်ကိုင်းစု အရပ်တွင် စစ်တပ် စစ်ကြောင်း ပိတ်မိသွားကာ ကာကွယ်ရေးတပ်များက ဝန်းရံပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ပိတ်မိနေသော စစ်တပ် စစ်ကြောင်းကို ကယ်ထုတ်ရန် မြစ်ကြီးနား လေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ကန်ပေါက်၊ ပျဉ်းစုရွာ အကြားကို ဗုံး ၁၆ လုံး ခန့်ဖြင့် ကြဲချခဲ့သောကြောင့် ပိတ်မိနေသော စစ်တပ် စစစ်ကြောင်းကို လမ်းဖွင့်ပေးခဲ့ရပြီး ဗုံးကြဲမှု ဖြစ်စဉ်တွင် ကာကွယ်ရေး အဖွဲ့များ၊ ပြည်သူများနှင့် နေအိမ်များ ထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ပိတ်မိနေသော စစ်တပ် စစ်ကြောင်းသည် ထီးချိုင့်ဘက်မှ တပ်ကူလာသော စစ်တပ်နှင့် ပူးပေါင်းပြီး ထီးချိုင့်မြို့ဘက် ပြန်ဆုတ်စဥ် ပျဉ်းစုရွာ နှင့် ပေါက်ကုန်းရွာ အကြားတွင် ကာကွယ်ရေးတပ်များနှင့် ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article