32 C
Yangon

စက်သုံးဆီတွေ စျေးထပ်တက်၊ ဒေါ်လာတွေလည်း ပြတ်လပ်

Must read

92 ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်အထိ စျေးထပ်တက်

ရန်ကုန်၊ ဩဂုတ် ၃၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စက်သုံးဆီ စျေးနှုန်းများ ဩဂုတ်လ ၃၀ ရက်နေ့တွင် ထပ်မံ မြင့်တက်သွားပြီး စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာများလည်း ဝယ်မရသည် အထိ ပြတ်လပ်လျက်ရှိကြောင်း သွင်းကုန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၅၇၀ ကျပ်မှ နေရာဒေသလိုက်၍ ၃၂၀၅ ကျပ် အထိလည်းကောင်း၊ 95 ဓာတ်ဆီတစ်လီတာလျှင် ၂၆၃၅ ကျပ်မှ နေရာကိုလိုက်၍ ၃၂၇၅ ကျပ်အထိလည်းကောင်း၊ ဒီဇယ်တစ်လီတာလျှင် ၃၂၅၅ ကျပ်မှ နေရာကိုလိုက်၍ ၃၈၈၅ ကျပ် အထိလည်းကောင်း၊ ယမန်နေ့ စျေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀၀ ဝန်းကျင် စျေးများထိုးတက်သွားခြင်း ဖြစ်သည်။

လက်ရှိတွင် စက်သုံးဆီများ တင်သွင်းရန်လည်း အမေရိကန်ဒေါ်လာများ ပြည်တွင်းတွင် ပြတ်လပ်နေပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်ကလည်း ဒေါ်လာ ရောင်းမပေးကြောင်း သိရှိရသည်။

“ဒေါ်လာကလည်း လိုသလောက်မရဘူး။ ဗဟိုဘဏ်က ရောင်းမပေးနိုင်တော့ဘူး။ ဗဟိုဘဏ်က ပုဂ္ဂလိ က ဘဏ်တွေ ပို့ကုန်သမားတွေကို အစိုးရသတ်မှတ်စျေးနဲ့ ရောင်းပေးဖို့ လိုက်ညှိပေးတာရှိတယ်။ ပြောချင်တာက ဒေါ်လာက အပြင်ကပဲ ဝယ်ခိုင်းတာ။ အပြင်ကလူတွေကိုလည်း အစိုးရ သတ်မှတ်စျေးနှုန်းနဲ့ပဲ ရောင်းရမယ်ဆိုပြီး ပြောထားပေမယ့် ဘယ်သူကရောင်းမလဲ။ အခုက တစ်ဒေါ်လာ ၃၃၀၀ တောင်ကျော်နေပြီ။ ရုရှားဆီတွေ လာမှာမို့ စောင့်ခိုင်းတာလည်းရှိတယ်။ အခြေအနေကတော့ ရုရှားဆီမရောက်ခင် ဆီပြတ်သွားမယ့်သဘောမျိုး လည်း တွေ့လာရတယ်။ ဆီပြတ်မယ်ပြောရင်လည်း မကြိုက်ဘူးဆိုတော့ ကိုယ့်ဟာကိုယ် ချိန်ဆပြီး ပြည်သူတွေ လုပ်ကြဖို့ပဲ ပြောချင်ပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီများ ရောက်လာလျှင်လည်း စက်သုံးဆီစျေးကျဆင်းရန်မရှိဘဲ ဆက်လက်မြင့်တက်မည်ဖြစ်ပြီး စက်သုံးဆီပြဿနာမှာ အချိန်ကာလကြာမြင့်သည်နှင့်အမျှ ပြည်သူများမကြာခဏ ကြုံတွေ့ရမည်ဟု ရန်ကုန်စီးပွားရေးသမားက အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article