27 C
Yangon

မင်းကင်း၊ မောက္ကတော်ရွာတိုက်ပွဲတွင် ရဲစခန်းမှူး ရဲအုပ် သူရအောင် နှင့် ပျူစောထီးခေါင်းဆောင် နိုင်လင်းတို့ သေဆုံး၊ ဒဏ်ရာရရှိသူ အလွန်များပြား

Must read

ရန်ကုန်၊ ဩဂုတ်၃၀

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာအနီးတွင် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားပြီး မင်းကင်း ရဲစခန်းမှူး ရဲအုပ် သူရအောင် နှင့် ပျူစောထီးခေါင်းဆောင် နိုင်လင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ တော်ဖြူရွာ၊ ပန်းဆက်ရွာမှ မြစ်အရှေ့ဘက်ကမ်းသို့ ကူးလာသည့် စစ်ကောင်စီကို ဒေသခံပြည်သူကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲကြေးနန်းသတင်းပေးပို့ချက်တွင် ရဲစခန်းမှူး ရဲအုပ်သူရအောင်မှာ ၂၉ ရက်နေ့ နံနက် ၁၁ နာရီချိန်ခန့်တွင် သေဆုံးသွားပါကြောင်းနှင့် ပျူစောထီးဖြစ်သူ ဦးနိုင်လင်းသည်လည်း ရရှိဒဏ်ရာဖြင့် ထပ်မံသေဆုံးပါကြောင်း၊ကျန်သူများကို ပျူ ၅၀ ဦး က လုံခြုံရေးလိုက်ပါလျက် စစ်ရေယာဉ် ၂ စီးဖြင့် မင်းကင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသနေပါသည်ဟု ဖော်ပြထားသည်။

ချင်းတွင်းမြစ်အထက်ပိုင်းမှ စစ်ကောင်စီမော်တော်နှင့်သင်္ဘောများ စုန်ဆင်းလာသဖြင့် လမ်းကြောင်းရှင်းရန် မြစ်ကမ်းဘေး ကျေရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ စစ်အင်အားအပြည့် တက်လာမည်ကို ကြိုတင်သတင်းရ၍ လက်ဦးမှု ရယူတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသ တော်လှန်ရေးခေါင်းဆောင်က ပြောဆိုသည်။

“တိုက်ပွဲဖြစ်တယ်။ စစ်တပ် လာပြီဆိုတဲ့ တပ်သတင်းဖရဲသီး ဆီ ကနေ သတင်း ရတာနဲ့ ကြိုတင်ပြင်ဆင်တာတွေလုပ်ပြီး အသင့်စောင့်နေတာ။ မောက္ကတော်ရွာအရှေ့ဘက် ညောင်ပင်အနီးရောက်တော့ ကြိုတင်မိုင်းထောင်ထားတဲ့ ကွင်းထဲ ဝင်တာနဲ့ မိုင်းဆွဲတယ်။ခွေးတွေ ကတော့ အပေါ်ကိုမြှောက်တပ်သွားတာကိုမြင်လိုက်ရတယ်။ အဲဒီလိုမိုင်းဆွဲခံရပြီး စခတွေက သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ စစ်တပ်ဘက်ကနေပြီးတော့ စခန်းမှူးအဆင့်ရှိသူ ၁ ဦး၊ရဲတပ်သား၂ ဦး၊ပျူစောထီး ၃ ဦး နေရာတင်ပွဲချင်းပြီး သေတယ်။ ၁၂ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်၏ ခေါင်းဆောင် က ပြောသည်။

မင်းကင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ယာကြီး-ကလေးဝလမ်းမှ စစ်ကြောင်းတစ်ကြောင်းထိုးနေပြီး ချင်းတွင်းမြစ်ကမ်းဘေး တောင်ဖြူရွာ၊ပန်းဆက်ရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်များက စစ်ကြောင်း တစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးလျက်ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် မြို့ကြီးများတွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article