29 C
Yangon

ထားဝယ်မြို့ လဝကရုံးနှင့် ကညနရုံးတို့ကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ် ထိန်းရဲ အမှုထမ်းဟောင်း ညွှန့်ရွှေ သေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြို့နယ်လဝကရုံးနှင့် တိုင်းကညနရုံးတို့တွင် ယနေ့ မွန်းတည့်ချိန် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် ဟောင်းတစ်ဦး သေနတ်ထိမှန် သေဆုံးကြောင်း သိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဆိုင်ကယ်စီးလူငယ်နှစ်ဦးက မြို့နယ်လဝကရုံး၊ တိုင်းကညနရုံး တို့ကို သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်လဝကရုံးအရှေ့တွင် အသက် ၆၀ ဝန်းကျင်အရွယ် ယာဉ်ထိန်းရဲဝန်ထမ်းဟောင်း အမျိုးသားတစ်ဦး သေနတ်ထိမှန်ထားပြီး လဲကျနေကြောင်း၊ ယင်း ရဲဝန်ထမ်းဟောင်းသည် လဝက၊ ကညန ရုံး ပွဲစားဖြစ်သော ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်ဟောင်း ဦးညွန့်ရွှေဆိုသူဖြစ်ကြောင်း သိရှိရသည်။

“သေနတ်သံကတော့ အချက်ရေ တော်တော်များများကြားရတယ်။ အနည်းဆုံးဆယ်ချက်ကျော်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ထိမှန်လဲကျသွားသည့် ရဲဝန်ထမ်း‌ဟောင်း ဦးညွန့်ရွှေကို အရေးပေါ်လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားပြီး အခြေအနေ မသိရှိရသေးပေ။

အဆိုပါ ပစ်ခတ်မှုကို Guerrilla Dawei(ထားဝယ်ပြောက်ကျားတပ်ဖွဲ့) က လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြီး စစ်တပ်ကို ဝင်ငွေရှာပေးနေတဲ့အတွက်ရုံးထဲကိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု Guerrilla Dawei တာဝန်ရှိသူကပြောသည်။

ဦးညွန့်ရွှေသည် ရဲဝန်ထမ်းဟောင်းဖြစ်သည့်အပြင် စစ်ကောင်စီသတင်းပေးတစ် ဦးဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Guerrilla Dawei တာဝန်ရှိသူက ဆက်ပြောသည်။

“သူကအာဏာသိမ်းစစ်ကောင်စီလက်အောက်ခံရဲတွေနဲ့ပတ်သက်နေသူဖြစ်ပြီးရဲစခန်းဝင်ထွက်သွားလာနေသူဖြစ်တဲ့အပြင် တရားရုံးတွေမှာ အခကြေးငွေယူပြီးသက်သေအတုလုပ်ပေးတာတွေ အာမခံပေးတာတွေလုပ်ပြီး လဝကမှာပါ ပွဲစားလုပ်နေတဲ့အပြင် သတင်းပေးတစ်ဦးလို့သိရှိရတဲ့အတွက် ရှင်းလင်းခဲ့ပါတယ်” ဟု သူက ပြောဆိုသည်။

သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် မြို့နယ်လဝကရုံးနှင့် တိုင်းကညနရုံးများ၏ ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

ဓာတ်ပုံ – သေနတ်ထိမှန်ပြီး လဲကျနေတဲ့ ဦးညွန့်ရွှေ။ (CJ)

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article