27 C
Yangon

“နောက်ဆုံးထွက်သက်အထိ ဒင်းတို့စစ်မိစ္ဆာတွေကို တော်လှန်မယ်” ကြွေးကြော်သံဖြင့် လောင်းလုံးတွင် ကျောင်းသား လူငယ်များ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၃၀

လောင်းလုံးမြို့နယ်တွင် အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)မှ ဦးဆောင်ပြီး အမျိုးသမီး၊ LGBTနှင့် လူငယ်များအပြင် ပြည်သူများပူးပေါင်းပါဝင်ကာ ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် “နောက်ဆုံးထွက်သက်အထိ ဒင်းတို့စစ်မိစ္ဆာတွေကို တော်လှန်မယ်” ကြွေးကြော်သံဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ ဘယ်တိုင်းပြည်မှာမဆို အာဏာရှင်လူတစုကနေလွဲပြီး ကျန်တဲ့ ပြည်သူလူထုတရပ်လုံးဟာ ဒုက္ခဆင်းရဲမျိုးစုံကို ရင်စည်းခံရတာချည်းပဲ။ မြန်မာနိုင်ငံက တိုင်းရင်းသားလူထုတရပ်လုံးဟာလည်း အာဏာရှင်တွေရဲ့ လက်အောက်မှာ စီးပွားရေး၊ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြရရုံမက အာဏာရှင်တွေရဲ့ မတရားဖိနှိပ်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကို နေ့စဥ်နဲ့ အမျှကြုံနေကြရတယ်။ ဒါကြောင့်မို့ အာဏာရူးစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အပေါင်းအပါတွေနဲ့တကွ စစ်အာဏာရှင်စနစ်ကို ဒီမြေပေါ်ကနေ အမြတ်ပြတ် ဖယ်ရှားနိုင်မှသာ ကျွန်တော်တို့ လူထုတရပ်လုံး လွတ်မြောက်မှုရဲ့ အသီးအပွင့်တွေကို ခံစားနိုင်လိမ့်မယ်။ ကျွန်တော်တို့ ကျောင်းသားထုရဲ့ သွေးကြောတွေထဲမှာ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီအရေးတိုက်ပွဲမှာ အသက်ပေးသွားခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သွေးတွေ စီးဆင်းနေသလို လွတ်လပ်ပြီး မတရားမှုကို ခေါင်းငုံမခံတဲ့ ကျောင်းသားစိတ်ဓာတ်လည်း အခိုင်အမာ ကိန်းဝံ့နေပြီးသားဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ကျောင်းသားထု ရှိနေသေးသရွေ့ ဘယ်အာဏာရှင်မှ တိုင်းပြည်ကို မတရားအုပ်ချုပ်ခွင့် မရစေရ” ဟု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article