27 C
Yangon

စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည့် ကလေးကို ဂူသွင်းသင်္ဂြိုဟ်

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

ဩဂုတ် ၂၈ ရက်နေ့ ညပိုင်းက မြောက်ဦးအခြေစိုက် ခမရ (၃၇၇) ခမရ (၅၄၀) စစ်ကောင်စီတပ်ရင်းက ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် ၄ နှစ်အရွယ်ကလေးကို ယနေ့ ဩဂုတ် ၃၀ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

အသက် ၄ နှစ်ရွယ် မောင်မြတ်သူလင်းသည် လက်နက်ကြီး ပစ်ခတ်နေစဉ်အတွင်း မိခင်ဖြစ်သူနှင့် ကြောက်လန့်ထွက်ပြေးရာကနေ လက်နက်ကြီးအစ ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ထိမှန်ခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိကာ မြောက်ဦးပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေရသည်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဒေါ်အေးယဥ်နု အသက် ၆၀ ကျော်နှင့် ဦးလှအောင်သိန်း အသက် ၃၈ နှစ် ကို ဩဂုတ် ၂၉ ရက်နေ့တွင် မြောက်ဦးမြို့မင်းသားကျွန်းသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး မောင်မြတ်သူလင်း၏ မိခင်ဖြစ်သူသည် ခွဲစိတ်ခန်းထဲဝင်နေရ၍ သားဖြစ်သူအား ယနေ့မှ သင်္ဂြိုဟ်ခဲ့ရသည်။

စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရရှိထားသူများမှာ ဦးဝင်ခိုင်(၂၆ နှစ်)၊ ဒေါ်ဦးစောညွှန့်(၅၅ နှစ်)၊ ဒေါ်မချေ (၄၅ နှစ်)၊ ဒေါ်စုစု(၃၀) နှစ်၊ ဦးစံရွှေမောင်(၆၈)နှစ်၊ ဦးမောင်သန်း (၃၅) နှစ်၊ ဦးထွန်းကျော်လှ(၄၀ နှစ်) တို့ဖြစ်ကြပြီး မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

အဆိုပါကင်းဆိပ်ကျေးရွာမှာ မြောက်ဦးမြို့နှင့်အနီးစပ်ဆုံး အနောက်တောင်ထောင့်ဖက်တွင်ရှိနေပြီး ယမန်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ကာကျေးရွာမှာ မြောက်ဦးမြို့ အပြင်ဘက် အရှေ့မြောက်ထောင့်ဖက်တွင်ရှိကာ တိုက်ပွဲဖြစ်ပွါးသည့် အလွန်ဝေးသည့်နေရာလည်းဖြစ်သည်။

Photo- ​ရွှေသန်း​ကျော်။

(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article