27 C
Yangon

စစ်ကောင်စီလက်အောက်ရှိ မြန်မာအမျိုးသားလေကြောင်းလိုင်းက လေယာဉ်လက်မှတ်ရောင်းချမှုအတွက် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျပ်ဖြင့် ကောက်ခံ

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ မြန်မာအမျိုးသား လေကြောင်းလိုင်းက လေယာဉ်ရောင်းချမှုများအတွက် အရောင်းကိုယ်စားလှယ်များထံမှ အမေရိကန်ဒေါ်လာ Deposit ကို တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျပ်ဖြင့် ကောက်ခံ လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ကျပ်ဖြင့် အရောင်းအဝယ်လုပ်ရန် သမှတ်ထားသော်လည်း စစ်ကောင်စီ၏ မြန်မာလေကြောင်းလိုင်းကိုယ်တိုင်က တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျပ်ဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ ဘဏ်စာရင်းများနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုရှိပါက ထပ်မံ အသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

“ဗဟိုဘဏ် ကိုယ်တိုင်က တစ်ဒေါ်လာ ၂၁၀၀ သတ်မှတ်ထားပေမယ့် ဒါက အလုပ်မဖြစ်ဘူးဆိုတာ သူတို့ကိုယ်တိုင် သိနေတာပဲ။ ဒီနေ့ဆို အမေရိကန်တစ်ဒေါ်လာ ၃၇၀၀ ကျပ်အထိ စျေးပေါက်ပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။

လတ်တလော စီးပွားရေးစျေးကွက်တွင် ဗဟိုဘဏ်က ငွေလဲနှုန်းသတ်မှတ်ချက်ကို တစ်ဒေါ်လာလျှင် ငွေကျပ် ၂၇၀၀ မှ ၃၀၀၀ ကျပ်အထိ တိုးမြှင့်မည်ဆိုသော သတင်းများကလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article