By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ရှမ်းပြည်နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ နမ့်စမ် လေတပ်က တပ်ကြပ်စာရေး ချမ်းငြိမ်း ဟာ ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ မြန်မာ့ဩဘာပေါင်းဆေးသောက်ပြီး ဆေးရုံမှာ သေသွားတယ်လို့ တပ်သတင်းရင်းမြစ် တွေ နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ – စစ်ကောင်စီလက်အောက်ခံ ၊ ဆောမြို့- ရဲစခန်းကနေ ဩဂုတ်လ ၃၁ ရက်နေ့က လက်နက် အပြည့် အစုံနဲ့ CDM လုပ်လာတဲ့ ရဲတပ်သားကို The Youth Force (Saw & Kyaukhtu) အဖွဲ့ကနေ ငွေကျပ် သိန်း ၇၀ ဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ -ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ ၊ တပ်မဟာ – ၆ နယ်မြေ ၊ မြဝတီ-ဝေါလေကားလမ်း ကျော်ဝါးဘိုး- ဘုရားအနီးမှာ ကျူးကျော်တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူး ပေါင်းတပ် ကော်ဘရာစစ်ကြောင်း နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ကနေ ဒရုန်း နဲ့ ဗုံးကျဲ တိုက်ခိုက်တဲ့ ဗီဒီယိုကို ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာ- မြို့မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ- ရဲစခန်းကို ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ မွန်ပြည်- ကာကွယ်ရေးတပ် (တောင်ပိုင်း) က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။