ရန်ကုန်၊ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၃၅ ဦး သေဆုံးနိုင်ကြောင်း မော်လိုက် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်း မော်လိုက်ဒေသကာကွယ်ရေးအဖွဲ့က မော်တာ ချောင်းဖျားဘက်တွင် စစ်တပ်နှင့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစေားထီး စုစုပေါင်း၃၅ဦးခန့် သေနိုင်ကြောင်း၊ ၁၅ဦးခန့်ဒဏ်ရာ အပြင်းအထန် ရရှိနိုင်ကြောင်း သိရှိရသည်။
“စခတွေနဲ့ ပျူတွေ သေတဲ့စာရင်း အတိအကျတော့ မသိရသေးဘူးဗျ။ ဒါပေမယ့် စုစုပေါင်း ၃၅ ဦးလောက် သေနိုင်တယ်လို့ခန့်မှန်းတယ်။ မော်လိုက်မြို့မြစ်အရှေ့ဘက် မှန်တွဲရွာမှာ စခနဲ့ ပျူ အင်အား၇၀ခန့်စခန်းချထားတယ်။ ထော်သရွာဘက်မှာလည်း ၆၀ခန့် စခန်းထပ်ချထားတယ်” ဟု မော်လိုက်PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ မကွေးတိုင်း မြိုင်နယ် ကန်နီ(ပျူ)ရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေစဉ် မြိုင်ဘက်မှ ကန်နီ(ပျူ)ရွာသို့ မြိုင်- လက်ယက်မလမ်းမကြီးအတိုင်း စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီကားနှစ်စီး ယနေ့ စက်တင်ဘာ ၂ ရက်နေ့ ညနေ့ ၃ နာရီခန့်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း Myaing Villages Revolution Front – ( MVRF )ထံမှ သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို Myaing Villages Revolution Front – ( MVRF )နှင့် ပူးပေါင်းတပ်ဖွဲ့များ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ ကားနှစ်စီး မြိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ မြိုင်မြို့နယ် ကျောက်ခွက် ရေနံမြေ Well 2 ရှိ စစ်ကောင်စီ စခန်းနှင့် တောင်ရိုးလမ်းဆုံ စစ်ဆေးရေးဂိတ်စခန်းတို့ကို သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်ထိခိုက် သေဆုံးခဲ့ကြောင်း Black God ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မိုးစက် က ပြေဆိုသည်။
အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၁၊ တပ်ခွဲ ၃၊ Black God ပြောက် ကျားတပ်ဖွဲ့ ၊ ဂျိန်းစဘွန်းပြောက်ကျားတပ်ဖွဲ့၊ OneSecondပြောက်ကျားတပ်ဖွဲ့၊ Joker ရပြောက်ကျားတပ်ဖွဲ့ အပါအဝင် အခြားသော ဒေသခံ ပြည်သူ့ကာကွယ်ရေး Local PDF ၁၀ ဖွဲ့ကျော်ခန့်ပူးပေါင်းကာ စစ်ကောင်စီ စခန်း ၂ ခုကို လက်နက်ကြီး လက်နက်ငယ်များဖြင့် တပြိုင် နက်တည်း ပစ်ခတ်တိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- PDF တပ်ရင်း ၅၀၉