23 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်တပ် အာဏာသိမ်းချိန်မှာ အမေရိကန် အစိုးရက ထိန်းချုပ်ထားခဲ့တဲ့ ငွေသား ဒေါ်လာ ၁ ဘီလီယံကို ဒစ်ဂျစ် တယ်ငွေကြေး စနစ် အနေနဲ့ အသုံးပြုနိုင်အောင် လိုက်လျော လက်ခံပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ညှိနှိုင်းတောင်းဆိုထားပါတယ်။ – မြန်မာ့စီးပွားရေးစျေးကွက်မှာ အမရိကန်တစ်ဒေါ်လာကို ၄၅၀၀ ကျပ်အထိ ရောက်ရှိမှုဟာ လေပတ်ကား ရောင်း ဝယ်သူတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ညွန့်အောင်ကစီးပွားရေးလုပ် ငန်းရှင်တွေကို ခေါ် ယူ တွေ့ဆုံ ဖိအားပေးတဲ့ပွဲမှာ ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။ – စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ချင်းတွင်းမြစ် အတွင်းကို စက်တင်ဘာလ ၄ ရက်နေ့ မနက် ၇ နာရီ လောက်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ရေယာဥ်အုပ်စုက ပြည်သူပိုင် ကျွေးရွာတွေကို လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။ -စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှမ်းမကား- ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ-စခန်းကို ဒေသကာကွယ်ရေး-မဟာမိတ်အဖွဲ့တွေက စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒရုန်း ငါးစီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article