33 C
Yangon

ယနေ့ မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ကျေးရွာတွင် ယနေ့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Karenni’s Voice ထံမှ သိရှိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ယခုညအချိန်အထိ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ၊မိုးဗြဲမြို့ပေါ်ရှိ ဘုရားကျောင်းအနီး အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်များက ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မနက် ၉ နာရီ လောက်က တိုက်ပွဲစဖြစ်တာပဲ။ သူတို့ဘက်က အနည်းဆုံး အယောက် ၂၀ သေတယ်။ ကျတော်နဲ့ ရှေ့တည့်တည့် သုံးမီတာလောက်အကွာမှာတွေ့တာ။ ကျနော် တယောက်တည်း ၉ ကောင် ရခဲ့တယ်။ ဒီမှာ ဘောင်းဘီမှာ သူတို့သွေးတွေလေ” ဟု ရှေ့တန်းကရဲဘော်တစ်ဦးက ပြောကြောင်း Karenni’s Voice က သတင်းဖော်ပြသည်။

ယင်းတိုက်ပွဲကို မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နှင့် URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်းမှာ သေနတ်များ သိမ်းဆည်းရရှိပြီး ငါးကြင်းမြီး ၁ လက်၊ စက်ကလေး ၃ လက်၊ RPG ၁ လက် အပါအဝင် စုစုပေါင်း လက်နက် ၁၀ လက်ခန့် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

KNDF သတင်းရင်းမြစ်ကမူ ” ဒီကောင်တွေဘက်က အလုံးလိုက် အရင်းလိုက် တက်လာတာ။ မိုက်ရူးရဲတွေလိုပဲ။ သေတာတွေရော ဒဏ်ရာရတာတွေ ဒီကောင်တွေဘက်က အတော်များတယ်။ တိုက်ပွဲပြင်းထန်တယ်။ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ။ ဒီဘက်ကရဲဘော်တချို့ ဒဏ်ရာရပေမယ့် စိုးရိမ်စရာမရှိဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယနေ မိုးဗြဲတိုက်ပွဲတွင် အစုလိုက် သေဆုံးနေသော စစ်ကောင်စီတပ်သားတချို့။ (ပုံအကြည်ကို တယ်လီဂရမ်တွင်ကြည့်နိုင်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article