ရန်ကုန်၊ စက်တင်ဘာ ၁၄
စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် “ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူများယုံကြည်ရတဲ့ ဦးကျော်မိုးထွန်းကိုလက်ခံပါ။ အာဏာရှင် စစ်အုပ်စုကိုငြှင်းဆန်ပါ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။