28 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရခိုင်ပြည်တောင်ကုတ်မြို့က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တောကျော်သူရထွန်းကို စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဟာ နှစ်ပတ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့အပြင် သတင်းအစန တစ်စုံ တစ်ရာ မရရှိ ပဲ ဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်၊ ဇလုပ်-အဝိုင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို ဒေသခံ ပြောက်ကျား တပ်ဖွဲ့တွေကနေ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီ လောက်က အလစ်အငိုက် ဝင်ရောက်တိုက်ရာမှာ စစ်ကောင်စီတပ်သား ၃ ဦးသေသွားတယ်လို့ သိရ ပါတယ်။ -ကျောက်ထုမြို့ ၊ ဂုံဘို- ရပ်ကွက်ကို ကျောက်ထု- ရဲစခန်းကနေ ဆိုင်ကယ် နဲ့ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီဝင် တစ်ဦး နဲ့ ရဲတစ်ဦး ကို ဒီကနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ လက်နက်ငယ်တွေ ပစ်ခတ်ရှင်းလင်းရာမှာ ၂ ဦးလုံး သေသွားတယ်လို့ ကျောက်ထု PDF ကနေ သတင်း ထုတ်ပြန်ထားတဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article