By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရခိုင်ရှိ စစ်ဘေးရှောင်စခန်းတွေကို ရိက္ခာနှင့် တစ်ခြားထောက်ပံ့မှုတို့မပြုလုပ်ဖို့ NGO/INGO အဖွဲ့အစည်းတွေကို စစ်ကောင်စီဖက်ကနေ တားမြစ်ထားတယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ မိတ်ဖက် Western News သတင်းမှာဖော်ြပထားပါတယ်။ – စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သစ်တုံ- ကျေးရွာ နဲ့ ညောင်လှ-ကျေးရွာကို အကြမ်းဖက် စစ်ကောင် စီတပ်က ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ် ပစ်ခတ်နေ တယ်လို့ ဒေသခံတွေ နဲ့ ဒေသသတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်- မြို့ ၊ တပ်စခန်းက စစ်ကောင်စီတပ်သားတစ်ဦးဟာ MA -1 သေနတ် ၁ လက်၊ ကျည်တောင့် (၂၅၀) ၊ ကျည်ဘောက် (၄)ခုနဲ့ ‘’CDF-ဟယ်ဂိုရမ် ‘’တပ်ဖွဲ့ဆီကို CDM ဝင်ရောက်လာတယ်လို့ ဒေသသတင်းရင်းမြစ် Zalen က သတင်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း ဒီကနေ့ ညနေပိုင်းအထိ ရရှိထားတဲ့ အချက်အလက်အရ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခဲ့ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွပြုလုပ်ခဲ့ကြတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။