32 C
Yangon

သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ရေဦးခရိုင်မှူး ဒုရဲမှူးကြီး ဝင်းနိုင်၏ အလောင်း ယနေ့ မသာချသွားစဉ် မိုင်းကွဲမှု ဖြစ်၊ စကားများ ရန်ဖြစ်ပြီး စစ် တပ်က ဒုရဲမှူးကြီးဝင်းနိုင်ကို ပစ်သတ်ဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနိုင်ကို ယနေ့ ညနေပိုင်း ရေဦးသုဿန်တွင် သဂြိုလ်စဉ် မိုင်းကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိသည်။

ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနိုင်သည် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားပြီး မိမိကိုယ်ကို သတ်သေသည်ဟုလည်းကောင်း၊ ပစ်ခတ်မှုဖြစ်ပွား၍ သေဆုံးသည်ဟုလည်းကောင်း သတင်းများ အမျိုးမျိုး ထွက်ပေါ်နေကြောင်း၊ ယနေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် ရေဦးသုဿန်တွင် သဂြိုလ်စဉ် အသုဘ ချသည့်လမ်းတွင် မိုင်းကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ ညနေ ၃နာရီ ၂၀မိနစ်လောက် ရေဦးသုဿန်မှာ သဂြိုလ်တယ်။ နာရေးအပြန် သုသာန်သွားတဲ့လမ်းမှာ မိုင်းကွဲတယ်။ အထိုအခိုက်ရှိမရှိ သေချာ မသိရသေးဘူးဗျ။ မိုင်းကွဲအပြီး သေနတ်တွေနဲ့ ရမ်းပစ်တာရှိတယ်။ စစ်တပ်က ရမ်းပစ်လို့ ပုန်းနေရတယ်” ဟု ရေဦးဆုံမှတ်အဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုရဲမှူးကြီး ဝင်းနိုင်သေဆုံးမှုကို သတ်သေသည်ဟု သတင်းအများစုက ဖော်ပြနေကြသော်လည်း ဒေသသတင်းရင်းမြစ်နှင့် အခြားသတင်းရင်းမြစ်တချို့က စကားများ ရန်ဖြစ်ရာမှ သေဆုံးခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။

“ကျနော်တို့ သတင်းအရင် ကြားတာက စကားများပြီး ပစ်ခတ်လို့ သေတာလို့ သိရတယ်” ဟု ရေဦးဆုံမှတ်အဖွဲ့က ဆိုသည်။

အခြားရေဦးဒေသတင်းရင်းမြစ်တစ်ခုကမူ စစ်တပ်ဘက်မှ ဗိုလ်မှူးက အရက်မူးပြီး ရေဦးခရိုင်မှူး ဒုတိယရဲမှူးကြီးကို ရုံးခန်းအတွင်း ဝင်ရောက် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် ဒုရဲမှူးကြီး ဝင်းနိုင်သေဆုံးသည့် အကြောင်းအရာကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ကိုသာ အတည်ပြုနိုင်သေးသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ရေဦးမြို့ပေါ် စည်ပင်ရုံးတွင်လည်း မိုင်းပေါက်ကွဲခဲ့ပြီး စည်ပင်ရုံး အုတ်တံတိုင်းများ ပြိုကျသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည်တွင် သေဆုံးခဲ့သော ရဲတစ်ဦး၏ အလောင်းကို မသာချ အသုဘ မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article