34 C
Yangon

တန့်ဆည်တွင် ပြည်သူ ၁၀ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ရွာကို အကြမ်းဖက် စစ်တပ်က စက် တင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၁၀ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များနှင့် ဒေသခံ ပြည်သူများထံမှ သိရသည်။

အင်္ကုက္ကားရွာတွင် စခန်းချထားသော တပ်မ ၃၃ လက်အောက်ခံ အကြမ်းဖက် စစ်တပ်သည် အုတ်ဖိုအိုင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပြည်သူ အများအပြား ဖမ်းဆီးခံရကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဖမ်းဆီးထားသည့် ပြည်သူများကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

” သေဆုံးသူ မည်သူမည်ဝါဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ရုပ်အလောင်းတွေက မီးရှို့သတ်ဖြတ်ခံရတာဆိုတော့ ခွဲခြားဖို့ ခက်နေတယ်။ ရွာထဲကို တချို့တော့ ပြန်ရောက်နေပြီလို့ သိရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီးနေညက် ယနေ့ညနေပိုင်းတွင် ဒေသခံ ပြည်သူများ ရွာတွင်းသို့ ပြန်လည်း ဝင်ရောက်ချိန်တွင် မီးရှို့သတ်ခံရသော အလောင်း ၁၀ လောင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံ ပြည်သူညတချို့ကို အင်္ကုက္ကားရွာသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း Taze News အဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article