24.9 C
Yangon

သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကို အဝေးထိန်းဗုံးဖြင့် ဗုံးခွဲတိုက်ခိုက်၊ သာကေတ အမှတ် ၂ ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကို ယနေ့ညပိုင်းတွင် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း မှော်ဘီအခြေစိုက်Gurdians UG၏တပ်ခွဲဖြစ်သော TGK Guardians က ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် “ဒေါင်းအလံလွှင့်” စစ်ဆင်ရေးအဖြစ် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးရှေ့တွင် အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် လုံခြုံရေးဂိတ်တဲနှင့်နီးသော်လည်းရဲ ဘော်များ အန္တရာယ်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း TGK Guardians အဖွဲ့ က‌ ပြောသည်။

“သင်္ဃန်းကျွန်း ထွေ/အုပ် ရုံးနဲ့ တရားရုံးနားမှာ ဗုံးပစ်သွားတာလားမသိဘူး။ ပေါက် ကွဲသံ အရမ်းကျယ်တယ်။ ဘ၀ မြင့်အိမ်ရာနားကနေ ပေါက်ကွဲသံအတော်ကျယ်ကြားရတာ။ ဒီည ၇ နာရီ ၅၀ က ဖြစ်တာ” ဟု သင်္ဃန်းကျွန်းဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ သာကေတမြိုနယ်တွင် ယနေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ ၁၀ ရပ်ကွက်၊ အမှတ် ၂ ရဲကင်းစခန်းကို လက်ပစ်ဗုံးဖြင့် Mother Son Yangon Force နှင့် ANACONDA အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Mother Son Yangon Force အဖွဲ့မှ တပ်ရင်းမှူး ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

“မစ်ရှင်တော့အောင်တယ်။ ကျနော်တို့လည်း ဘေးကင်းအောင် ဆုတ်ခွာရတော့ ထိခိုက်မှု အခြေအနေကို မသိဘူး။ မနက်ကျရင်တော့ အထိအခိုက် သိရလိမ့်မယ်။ လက်ပစ်ဗုံးနဲ့ ရဲကင်းကို ပစ်ခတ်တိုက်ခိုက်တာပါ” ဟု တပ်ရင်းမှူး ဗိုလ်နိုင်ကဆိုသည်။

အရှေ့ဒဂုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် ယနေ့ ည ၈ နာရီဝန်းကျင်နှင့် ည ၈ နာရီခွဲအချိန် ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြည်။

ဓာတ်ပုံ- သာကေတ အမှတ် ၂ ရဲစခန်းနှင့် သင်္ဃန်းမြို့နယ်တရားရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article