22.2 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာ Non CDM ဝန်ထမ်းတွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးက အမည်ပျက်စာရင်းသွင်းပြီး နယ်နှင်ဒဏ်ပေးမယ်လို့ သိရပါတယ်။ – မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ စစ်ကောင်စီတပ် ဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦး ပစ်ခတ်ခံရမှုမှာ PDFဆီ သတင်းပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ ဆီမီးခုံရဲစခန်းမှူးဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။ – ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးကို မနေ့ကညပိုင်းက အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article