28 C
Yangon

လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အာဏာသိမ်းမြန်မာစစ်တပ် အရာရှိများကို ခေါ်ယူသင်တန်းပေးမှုများ တရားဝင် ရပ်ဆိုင်းဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ဂျပန်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းမြန်မာစစ်တပ်မှ အရာ ရှိများကို သင်တန်းခေါ်ယူ ပေးမှုများအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ တရားဝင် ကြေညာသည်။

၂၀၂၃ ခုနှစ်မှစ၍ မြန်မာစစ်တပ်မှ အရာရှိများကို ဂျပန်နိုင်ငံသို့ ခေါ်ယူ သင် တန်းပေးမှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ၊ မင်းအောင်လှိုင်ဦးဆောင်သော မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့ကြောင်း ၊ မြန် မာနိုင်ငံအခြေအနေများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ရသော အခြေအနေရှိနေသဖြင့် မြန်မာစစ်အရာရှိများကို သင်တန်ပေးမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Kenji Aoki က “မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုတွေ ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးလို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောဆိုသည်။

လက်ရှိ မြန်မာစစ်အရာရှိ ၁၁ ဦးကို ခေါ်ယူသင်တန်းပေးလျက်ရှိပြီး ၎င်းတို့ကို သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article