ရန်ကုန်၊ စက်တင်ဘာ ၂၁
ကျောက်တံခါးမြို့နယ် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ရာ စစ် သား ၁ ဦးနှင့် ပျူစောထီး ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး လက်နက် ၄ လက်ရရှိကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ် အချိန်တွင် ပဲခူးခရိုင်ကျောက် တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်းထရမ်စဖော်မာ အနီးတွင် ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် စစ်ဆေးရန် စစ်သားများရောက်လာချိန်တွင် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့ပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် လက် နက်များဖြစ်သည့် MA1 တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် (၂)လက် နှင့် ၎င်းတို့၏ ကျည်များဖြစ်သည့် MA 3 ကျည် (၁၁၅)တောင့်၊ ကာဘိုင်ကျည် (၁၄၅) တောင့်တို့အား သိမ်းဆည်းရမိကြောင်း သိရှိရသည်။
“ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်တာမှန်ပါတယ်။ ဗုံးကွဲတာရော ပစ်ခတ်မှုတွေ အပြန် အလှန် ဖြစ်တာရော မနေ့ညက ဖြစ်သွားတယ်။ ဒီမနက်တော့ ကျောက် တံခါးမြို့တစ်ခုလုံး တအားစစ်တယ်” ဟု ကျောက်တံခါးမြို့ပေါ် ဆိုင်ကယ်ပြု ပြင်ရေး ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- သိမ်းဆည်းရမိသည့် လက်နက် ၄ လက်။
