ရန်ကုန်၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို YGF -ရေးပျောက်ကျားတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်များက ယနေ့ ဝင်ရောက်စီးနင်းရာ စစ်သားနှင့်ပျူစောထီးများ ထွက်ပြေး၍ လက်နက် ၃ လက် သိမ်းဆည်းရမိကြောင်း YGF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
YGF-ရေးပြောက်ကျားတပ်ဖွဲ့နှင့်ပူပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာလ၊၂၃ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ခလရ ၅၈၈ တပ်ရင်းအနီး ကြိုးတံတား ဘုန်းကြီးကျောင်းကုန်းအပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီနှင့်အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်ခံ ပျူစောထီးရှိရာကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်သုံးလက်နှင့်ဓားတစ်လက်ကိုသိမ်းဆည်ရရှိကြောင်း သိရှိရသည်။
“ဟုတ် ကင်းတဲကို ဝင်စီးတာဆိုတော့ သူတို့ဘက်က ထွက်ပြေးကုန်တာ။ အကုန်ထွက်ပြေးတော့ လက်နက်တွေ သိမ်းဆည်းရမိတယ်။ သူတို့ဘက်ကသေတာတော့မရှိဘူး” ဟု YGF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် စက်တင်ဘာလ ၂၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ မော်လူးမြို့နယ်၊ မော်လူးရဲစခန်းမှ ရဲ တပ်သားမျိုးဇော်လတ်နှင့် ရဲတပ်သား မိုးကျော်တို့ကို PDF တပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆည်းရမိကြောင်း ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- ရေးမြို့နယ်တွင် စစ်သားများနှင့်ပျူစောထီးများ ထွက်ပြေး၍ လုံခြုံရေး ကင်းတဲမှ လက်နက် ၃ လက် သိမ်းဆည်းရမိသည်။