32 C
Yangon

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်း စစ်ကားတိုက်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်း(ခ) ဝတ်ရည်သည် ယမန်နေ့ စစ်ကားတိုက်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-သီပေါ-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းရွာအနီးတွင် စစ်ကားနှင့် ရဲမေ နှင်းဝတ်ရည်ဝင်း လိုက်ပါသော ကားတို့ တိုက်မိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မဝတ်ရည်က ကားတိုက်တာမှာ ပွဲချင်းပြီး သေဆုံးတယ်။ သင်တန်းပါလို့ သွား တက်ရင်း ဘန့်ဘွေးကုန်းနားမှာ ကားတိုက်တာ။ တိုက်တာက စစ်ကားက ဝင်တိုက်တာ။ ကားပေါ်ပါသူတွေလည်းဒဏ်ရာရတယ်။ သူ့အမျိုးသားနဲ့ ၂၀၁၉ က မှ မင်္ဂလာဆောင်ထားတာ။ သူ့အမျိုးသား ရှမ်းပြည်နယ်က ရဲတပ်သားပဲ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရဲမေ နှင်းဝတ်ရည်ဝင်းသည် ရလက ၁ ၊ အမစ ၃၂ သင်တန်းဆင်းတပ်ခွဲမှ ရဲမေတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article