Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက် စစ်ကောင်စီဘက်က အစီရင်ခံစာနဲ့ကြေးနန်းတွေ ပေါက်ကြားမှုကို ထိန်းမနိုင်တော့တဲ့ အတွက် သူတို့ရဲ့ စစ်သား သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေကို ထည့်သွင်း မဖော်ပြတော့နဲ့ဆိုပြီး စစ်ကောင် စီဘက်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ – မကွေးတိုင်း ၊ မြိုင်မြို့နယ်၊ ကျောက်ခွက်-ကျေးရွာမှာ စက်တင်ဘာလ ၂၅ ရက်နေ့က မိုင်းဆွဲ တိုက်ခိုက် မှုကြောင့် စစ်ကောင်စီဘက်က တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၊ အဲ့ဒီ့ သေဆုံးခဲ့သူ တပ်ကြပ်ကြီး အောင်ဆန်း ဝင်းရဲ့ အလောင်း ကို အမိန့်ပြန်တမ်းတစ်ခု၊ ငွေကျပ် ၆၄၅၀ နဲ့ မြေမြှုပ်သဂြိုလ် ထားခဲ့ တယ်လို့ မြိုင်မြို့ နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ – ရခိုင်ပြည်က သတင်းကို ဆက်ချင်ပါတယ်။ ရခိုင်ပြည်၊ မင်းပြားမြို့နယ်က ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေ ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် နေအိမ်တချို့ ထိမှန် ပျက်စီးသွားခဲ့တယ်လို့ ရခိုင်ပြည် ၊ ဒေသခံတွေက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။ -စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းကို ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာ အဓိကတရားခံဖြစ်တဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နိုင်ငံတကာက ဖမ်းဆီး အရေးယူပေးကြဖို့ လက်ယက်ကုန်း ကျောင်း ဆရာမ ဒေါ်အေးမာက တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေ ကိုတင်ဆက် ပေးပါမယ်။