ရန်ကုန်၊ စက်တင်ဘာ ၃၀
အာဏာရှင် စနစ်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် “သေသွားတဲ့လူတွေ မကျွတ်သေးသလို ထောင်ထဲကလူတွေလည်း မလွတ်သေးဘူး။နောက် တောထဲက ကလေးတွေလည်း အိမ်မပြန်ရသေးတာမမေ့ရင် သွေးအေးနေကြပြီလားမေးရင်း သွေးအေးမသွားဖို့လိုတယ်” ခေါင်းစဥ်ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။