Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -တနင်္သာရီတိုင်း၊ ၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာနဲ့ ကျောက်မတ်တပ်ရွာအနီးမှာ ဆက်ကြေး ကောက်ခံပြီး ပြန်လာတဲ့ ပျူစောထီးတွေကို စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ ၃၀ ရက်နေ့က ဒရုန်းနဲ့ ဗုံးကျဲမှုနဲ့ တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ခမရ ၄၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒဏ်ရာရရှိတဲ့အတွက် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရပြီး ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သား ၁ ဦး သေသွားတယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာလမ်းမှာ မနေ့နံနက်ပိုင်းက စစ်ကား ၆ စီးပါ ကားတန်း မိုင်းဆွဲခံရပြီး စစ်သား ၁၅ ဦးသေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။