28 C
Yangon

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂညီလာခံ နောက်ဆက်တွဲ အစည်းအဝေးများ ဆက်တိုက် တက်ရောက်ပြီး မြန်မာ့အရေး နိုင်ငံတကာက အာရုံထားရန်နှင့် အကြမ်းဖက်စစ်ကောင်စီကို အရေးယူရန် တိုက်တွန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နောက်ဆက်တွဲ ကော်မတီ အစည်းအဝေးများ ဆက်တိုက် တက်ရောက်ပြီး မြန်မာ့ အရေးကို နိုင်ငံတကာနှင့် ကုလသမဂ္ဂက အာရုံထားကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီကို အရေးယူရန် တိုက်တွန်းလျက်ရှိသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်စပ်သော တတိယကော်မတီအစည်းအဝေးကိုလည်း ကောင်း၊ အောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ အထွေထွေမူဝါဒရေးရာ(General Debate) ဆိုင်ရာ အစည်းအဝေးများကို တက်ရောက်လျက်ရှိကြောင်း NUG ဘက်က တရားဝင် သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့ ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေး၊ အထွေထွေမူဝါဒရေးရာ အစည်းအဝေးတွင် မြန်မာ့စီးပွားရေးပြန်လည် ထူ ထောင်ရေးနှင့် မြန်မာပြည်သူများ ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေး ပံ့ပိုးကူညီနိုင်ရန်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး တို့ဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု အခွင့်အလမ်းအားလုံး ပျောက်ကွယ်သွားကြောင်း၊ စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်ကာလအတွင်း လူမဆန်စွာ ရက်စက် ကြမ်းကြုတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာများကို မီးရှို့ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေး သူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လွန်စွာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ တရားလက်လွတ် သတ်ဖြတ် ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရားဖမ်းဆီးခြင်းနှင့် အခြားမတရားဖိနှိပ်မှုများကို စစ်တပ်က ပြုလုပ် လျက်ရှိကြောင်း၊ ဤသို့လုပ် ဆောင်ချက်များကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအခက်အခဲများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

ဖက်ဆစ်စစ်တပ်သည် မြန်မာပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများ ကျူးလွန်နေပြီး၊ ၎င်းဖက်ဆစ်စစ်အစိုးရ၏ တရားမ၀င်မှုသည် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အသက်ရှင်ရပ်တည်ရေးအတွက် ပိုမိုဆိုးရွားလာစေကြောင်း၊ တရားဥပဒေစိုးမိုးမှု လုံးဝပျက်သုဉ်းခဲ့ပြီး ပြည်သူများသည် အစိုးရအဖွဲ့အစည်းများအပေါ် လုံးဝအယုံအကြည်မရှိတော့ကြောင်း‌ေ‌ြ မြန်မာ့ငွေကြေးတန်ဖိုးသည် သိသိသာသာလျော့ကျသွားပြီး ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်လာ ကာ နိုင်ငံ၏ GDP သည် 18% ကျဆင်းသွားကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား နိုင်ငံတွင်း မှ စွန့်ခွာသွားကြသည့်အပြင် ခန့်မှန်းခြေ လူဦးရေ ၁၁ သန်းသည် ဆိုးရွားသော စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကာ ၁၄.၄ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာပြည်သူများသည် တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးအရ ချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာမလုံလောက်မှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းများအပါ အဝင် အလွန်အမင်းဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေ ကြရသည့်အခြေအနေတွင် စစ်အာဏာရှင်များအနေဖြင့် တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံတည်ငြိမ်ရေး တို့အတွက် လုပ်ဆောင်နိုင်သည့် အနေအထား မရှိပါကြောင်း၊ စီးပွားရေးပြန် လည်ထူထောင်ရန်၊ ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေး ပြည်သူလူထုအား ပံ့ပိုးကူညီနိုင်ရန်မှာ ဤစစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက နိုင်ငံတကာသို့ ရှင်းလင်းပြောဆိုသည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ဒွန်တွဲလျက်ရှိရာ မြန်မာနိုင်ငံသည် ပြည်သူ များ မနှစ်သက်သော ဤစစ်အာဏာရှင်လက်အောက်တွင် ရှိနေသရွေ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်သည့်အတွက် ၂၀၃၀ အာဂျင်ဒါကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံသား အားလုံးသည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေး တို့အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် သန္နိ ဌာန်ချပြီးဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်နိုင်ရန် နိုင်ငံ တကာအသိုက် အဝန်းထံမှ ခိုင်မာပြီး ထိရောက်သောပံ့ပိုးကူညီမှုသည် မရှိမဖြစ်လိုအပ် သည်ဖြစ်ရာ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများ၏ကောင်း ကျိုးချမ်းသာအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကိုအောင် မြင်စွာ အကောင် အထည်ဖော်နိုင်ရေး မြန်မာပြည်သူများအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း သံအမတ်ကြီးက နိုင်ငံတကာကို တရားဝင် အကူအညီတောင်းခံခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article