28 C
Yangon

ပင်လည်ဘူးမြို့နယ်၊ ပန်းခူးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး ကျေးရွာထဲသို့ ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၆၄ လုံး ပြာကျ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ် ပန်းခူးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များသည် စက်တင်ဘာ ၈ ရက်နေ့တွင် လေကြောင်းမှ ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၆၄ လုံး မီးလောက် ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Kawlin info က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ပန်းခူရွာက အိမ်ခြေ ၈၀ ရှိပါတယ်။ တိုက်ပွဲတွေ ဖြစ်တော့ ထွက်ပြေးကြတာဆိုတော့ ဖမ်းခံရတဲ့ လူတွေတော့ မကြား မိဘူး။ သူတို့ တိုက်ပွဲမှာ အထိနာပြီး လေကြောင်းနဲ့ ပစ်တာ” ဟု ဒေသခံတစ်ဦးထံမှ သိရှိရသည်။

ကောလင်းခရိုင် ပင်လယ်ဘူးနယ်တွင် စက်တင်ဘာ ၈ ရက်နေ့က နေ့လယ်ပိုင်းတွင် ဟဲသတ်-ပန်းခူးကြား အကြမ်း ဖက်စစ်ကောင်စီနှင့် ပြည်သူ့တော်လှန်ရေးအဖွဲ့ကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင်မူ အကြမ်းဖက်စစ်ကောင်စီတင်များက Mi 35 နှစ်စီးနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပင်လည်ဘူးမြို့နယ်တွင် စစ်တပ်က မြို့ပေါ်တွင်သာ တပ်စွဲနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုး၍ ဖျက်ဆီး မီးရှို့ခြင်းများ လုပ် ဆောင်ကြောင်း၊ မြို့ပေါ် ပြင်ပ ကျေးရွာများသို့ စစ်တပ်က နယ်မြေစိုးမိုးမှု မလုပ်နိုင်တော့ သဖြင့် မြို့ပေါ် ပြင်ပ ကျေးရွာများကို ဖျက်ဆီး မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article