31 C
Yangon

ပေါက်၊ ပင်လည်ဘူး၊ မြ၀တီ၊ ကသာ၊ ကျွန်းလှနှင့် ကန့်ဘလူတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၂၀ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

ပေါက်မြို့နယ်၊ ပင်လည်ဘူး၊ မြ၀တီ၊ ကသာ၊ ကျွန်းလှနှင့်ကန့်ဘလူမြို့နယ်များတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်များနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပေါက်မြို့နယ်တွင် ရဲ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊သဖန်းကိုင်းအုပ်စု၊ကုန်းအင်းကျေးရွာ၊ယုန်ဖြူတောင်ကျောင်းနှင့် မင်းလမ်းကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင် စီ၏ ဌာနဆိုင်ရာ အစည်းအဝေးမှ ပြန်လာသော ရဲတပ်ဖွဲ့နင့် ပျူစောထီးများကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၁ က အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးကြောင်း၊ အခြား ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်း ပဲခူး PDF က တရား ဝင် သတင်းထုတ်ပြန်သည်။

ပင်လည်ဘူးတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ အထက်အောင်းကုန် ၊ အင်ကြင်းသာ ၊ က နား ဘား၊ စည်ကြီးပိုင်းရွာများအနီး အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အထိနာသဖြင့် တိုက် လေယာဉ် ၃ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ကြောင်း ပင်လည်ဘူးဒေသသတင်းရင်းမြစ် PRက သတင်းထုတ်ပြန်သည်။

မြ၀တီတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံး

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်များက ကျူးကျော်ရန်ကြိုး စားလျက်ရှိရာ ကော်ဘရာစစ်ကြောင်း အပါအဝင် ပူးပေါင်းတပ်များနှင့် စစ်ကောင် စီတပ်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ မြဝတီ – ဝေါ်လေ လမ်းမပေါ်ရှိ မြွေသုံးကောင် ကုန်းနှင့် ဖလူးစခန်းတွင် အခြေပြုထားသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ဖြင့် ယနေ့ အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် မှ မွန်းလွဲ ၂ နာရီခွဲ ခန့်အထိ ပစ်ခတ်ခြင်း အပါ အဝင် တိုက်ပွဲများဖြစ်ပွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ထို့အတူ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ကို ကော်ဘရာပူး‌ပေါင်းစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ အောက်တိုဘာ ၅ ရက်နေ့လယ်ပိုင်းတွင် လက်ဖြောင့် စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း သိရှိရသည်။

ကသာတွင်လည်း တိုက်ပွဲများဖြစ်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မင်္ဂလာသုခကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ် ကြောင်းကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်တွင် ပြည်သူ့ာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်အင်အား ၂၀၀ ပါစစ်ကောင်စီ စစ်ကြောင်းကို မင်္ဂလာသုခကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊

ကျွန်းလှနှင့် ကန့်ဘလူတိုက်ပွဲတွင် အရာရှိ ၁ ဦးအပါအဝင် ၁၆ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ ​ရွှေ​ပေါ်ကုန်း​​ကျေးရွာအနီးတွင် အောက် တိုဘာ ၄ ရက်​နေ့ နံနက်ပိုင်း အင်အား ၄၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်​ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်​ရေးတပ်တို့ နှစ်ဖက်ထိ​တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့​ကြောင်း သိရသည်။ သဖန်းဆိပ်ဆည်ရဲကင်းစခန်း(ဆင်စွယ်စခန်း)တွင်တပ်စွဲထား​သော စစ်အုပ်စု နှင့် ပျူစောထီးများ ပူး​ပေါင်းကာ အင်အား ၄၀ ဝန်းကျင်ခန့်ဖြင့် သဖန်းဆိပ်ဆည်အနီးရှိ ​ရွှေ​ပေါ်ကုန်းရွာဘက်သို့ စစ်​ကြောင်းထိုးဝင်​ရောက်လာစဥ် ပြည်သူ့ကာကွယ်​ရေးတပ်များ နှင့် တစ်နာရီ​နီးပါး အနီးကပ်ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်ကြောင်း ၊ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်​ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ​သေဆုံးသွား​သည့်အပြင် စစ်​ကောင်စီဘက်မှ အခြားအရာရှိ ၁ ဦး ​အပါအဝင် ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိသွား​ကြောင်း ဒေသသတင်းရင်းမြစ် Infinity Group ထံမှ သိရှိရသည်။

​​အောက်တိုဘာလ ၁ ရက်​နေ့ကလည်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အ​နောက်ခြမ်းရှိ ​ရေနံ​မှော်​ဒေသသို့ စစ်​ကြောင်းထိုးဝင်​ရောက်​နေ​သော အင်အား ၁၈၀ ဝန်းကျင်ရှိ အကြမ်းဖက်စစ်​ကောင်စီစစ်​ကြောင်း နှင့် ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်​ရေးတပ် တပ်ရင်း(၁) တို့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်​ကောင်စီဘက်မှ ၃ ဦး ​သေဆုံးခဲ့​ကြောင်း ၊​ အောက်တိုဘာလ ၃ ရက်​နေ့ နံနက်အစောပိုင်း ကန့်ဘလူမြို့နယ် ​မြောက်ခြမ်း ချပ်သင်းစံပြရွာရဲစခန်းမှ ကင်း​စောင့်ရန် ထွက်လာ​သော အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ကာကွယ်​ရေးတပ်က ​ထောင် ထား ​သောမိုင်းထိမှန်သဖြင့် ရဲ ၁ ဦးအပါအဝင် ပျူ​စောထီး ၃ ဦး ​သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွား​ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်သင်တန်းဆင်းပွဲ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article