Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက်အာဏာလု မင်းအောင်လှိုင် စီမံထားတဲ့အတိုင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ရာထူးကို ခင်ရီက တရားဝင် ရရှိသွားချိန်မှာ မဘသ နဲ့ အမျိုးသားရေးအစွန်းရောက်တွေက အောင်ပွဲခံနေကြသလို ၊ စစ်တပ် နဲ့ ကြံ့ဖွတ်ပါတီ တစ်သား တည်း ကျနေပြီဖြစ်တဲ့အတွက် အနောက်နိုင်ငံကြီးတွေရဲ့ စွက်ဖက်မှု နဲ့ ဘာသာခြားကြီးစိုးမှု မရှိနိုင်တော့ဘူးဆိုပြီအမျိုးသားရေး အစွန်းရောက်တွေက ပြောဆိုနေကြပါတယ်။ – ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့နယ်ခွဲ ၊ မက္ကသာ- ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက် အစောပိုင်းမှာ လေကြောင်းကတဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မက္ကသာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ -မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နဲ့ မတ္တရာမြို့နယ် အစပ်၊ အောင်သပြေ-ကျေးရွာအနီးမှာရှိတဲ့ စစ်တပ် ပိုင် အယ်လ်ဖာ ဘိလပ်မြေစက်ရုံ လုံခြုံရေး စစ်ကြောင်းကို PDF တပ်ပေါင်းစုကနေ အောက်တိုဘာလ ၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။