32 C
Yangon

မဲဆောက်ဘက်ခြမ်းသို့ အကူး ထိုင်းရဲများကို ရှောင်တိမ်းရင်း CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုး ရေနစ်သေဆုံးမှု CDM Medical Network က အကြမ်းဖက်စစ်ကောင်စီကို ရှုတ်ချ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းသို့ အကူး ထိုင်းရဲများကို ရှောင် တိမ်း ရင်း CDM သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုး ရေနစ်သေဆုံးမှုအပေါ် CDM Medical Network က စစ်ကောင်စီကို ရှုတ်ချကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

ကရင်ပြည်နယ် ၊ ဘားအံပြည်သူ့ဆေးရုံကြီးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော သူနာပြုဆရာမ ဒေါ်သိင်္ဂီစိုး သည် စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးနေသောကြောင့် မော်ဖိုးကေ ဒေသတွင် တိမ်း ရှောင် နေခဲ့ရကြောင်း၊ အောက်တိုဘာလ ၇ ရက်နေ့ ထိုင်းနိုင်ငံ၊ မယ်တန်ဘက်သို့ ဈေးဝယ်သွားစဉ် ထိုင်းရဲများက ဖမ်းဆီးရန်ကြိုးစားသော ကြောင့် မြစ်ကိုဖြတ်ကူး၍ ပြန်ပြေးလာစဉ် ရေနစ်သေဆုံးခဲ့ရကြောင်း၊ ဆရာမ ဒေါ်သိင်္ဂီစိုးတွင် အသက် လေးနှစ်အရွယ် ကလေးငယ် သားလေးတစ်ဦး ကျန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အတွက် CDM Medical Network (CDMMN) အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ များစွာဝမ်းနည်းရကြောင်း၊ ယခုကဲ့သို့ ရှောင် တိမ်းနေရသော CDM ဝန်ထမ်း သေဆုံးမှုသည် တရားမဝင် အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းများကို လိုက်လံဖမ်းဆီးနှိပ် စက်နေမှုကြောင့် ရှောင်တိမ်းနေရသဖြင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီကို CDM ကျန်းမာရေးဝန်ထမ်းများနှင့် ထပ်တူ CDM Medical Network က ပြင်းထန်စွာရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ရှောင်တိမ်းနေရသော ကျန်းမာရေး CDM ဝန်ထမ်းများ နှင့် အခြား CDM ဝန်ထမ်းများသာမက မတရား ဖမ်းဆီး အကျဉ်းချခံထားရသော အပြစ်မဲ့ CDM ဝန်ထမ်းများ အားလုံး၏ အသက်ဘေးကို များစွာစိုးရိမ်လျက်ရှိကြောင်း၊ CDM Medical Network အနေဖြင့် အကြမ်း ဖက်စစ်ကောင်စီ အလုံးစုံပျက်သုဉ်းရေးနှင့် အရေးတော်ပုံ အောင်မြင်ရေးအတွက် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများတစ်ရပ်လုံးနှင့်အတူ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article