ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီရုံးနားရှိ AGD ဘဏ်တွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄နာရီ ၃ဝမိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လေးထောင့်ကန်လမ်းမကြီးကို ပိတ်ထားကာ စစ်ဆေးများ ပြုလုပ်နေကြောင်း သိရသည်။