28 C
Yangon

ထားဝယ်-သရက်ချောင်းလမ်းပိုင်းရှိ စကစ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ၊ မုံရွာ၊ မအူရွာကို လုယက်ဖျက်ဆီးခဲ့သော စစ်တပ် မိုင်းဆွဲခံရပြီး သေဆုံးမှုများပြား

Must read

ထားဝယ် ၊ အောက်တိုဘာလ ၁၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊သရက်နှစ်ခွရွာနှင့်ပန်းပြင်ရွာကြားရှိ စစ်ကောင်စီတပ်၏ စစ် ဆေးရေးဂိတ် ယမန်နေ့ညပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Dawei Information Center ထံမှ သိရှိရသည်။

အောက်တိုဘာ ၁၁ ရက်နေ့ ည(၈)နာရီခန့်တွင် စစ်တပ် စစ်ဆေးရေးဂိတ်ထဲကိုPDF ရဲဘော်များက ဒရုန်းဖြင့် ဗုံးသီး(၈)လုံးချဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း PDF အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

“ကျနော်တို့ဘက်က ဗုံးကျဲပြီးတဲ့အချိန်၌စကစတပ်သားများအနီးအနားရှိနေရာများကိုလက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်တယ်။ ရဲဘော်တွေအားလုံးလည်း ဘေးကင်းစွာနဲ့ပြန်ဆုတ်လာခဲ့ပါတယ်”ဟု၎င်းက ထပ်မံပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးကျဲသော စစ်တပ်စစ်ဆေးရေးဂိတ်သည် ပြည်သူလူထုအားအနည်းမျိုးစုံယုတ်မာကောက်ကျစ်နေ၍ ပြီးခဲ့သောလကလည်း ဒရုန်းနဲ့ဗုံးသီးချဖောက် ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူရွာမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ပြန်လာသည့် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၀ ဦးသေ ဆုံးကြောင်း သိရသည်။

စစ်ကား ၃ စီးကို အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မုံရွာမြို့ စက်မှုဇုန် အဝိုင်းပတ် ပန်းတံခွန် ကိုယ်ပိုင် ကျောင်းအနီးတွင် ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီးထိမှန်ကာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကို Farmers Revolution Force (မုံရွာခရိုင် တပ်ရင်း ၈, ၉, ၁၀)နှင့် Brave Heart Army-BHA တို့မှ ပူးပေါင်း ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article