ရန်ကုန်၊ အောက်တိုဘာ ၁၂
မန္တလေး-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း BHA တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်မှ စစ်သား ၃၀ ဦးခန့်လိုက်ပါလာသော စစ်ကားသည် မုံရွာမှထွတ်လာစဥ် မန္တလေး-မုံရွာ လမ်းပိုင်း၌ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် Brave Heart Army – BHA တပ်ဖွဲ့က ရှေ့ထွက်ပြောင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း BHA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ထုံမခါရွာနှင့်သဘော့လိပ်ရွာ အကြား ဘုရားတောင်အနီး၌ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နဂါးစစ်သည် မဟာမိတ် တပ်ပေါင်းစုမှ ထုတ်ပြန်ထားသည်။