31 C
Yangon

ကျောက်ဆည် ဆင်အကပြိုင်ပွဲ ကျင်းပရန်နှင့် ဝင်ပြိုင်ရန် အကြမ်းဖက် စစ်ကောင်စီ အကျပ်ကိုင်ခြိမ်းခြောက်၊ ဆင်အကပြိုင်ပွဲ မပြိုင်လျှင် ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဆင်အကပြိုင်ပွဲကို အာဏာသိမ်းစစ်ကောင်စီက ကျင်းပရန် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြီး ၂၀၁၉ ခုနှစ် တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဆင်အကအဖွဲ့များအားလုံး မဖြစ်မနေ ဝင်ပြိုင်ရန်နှင့် မပြိုင်ပါက ဖမ်းဆီးထောင်ချမည်ဟု ခြိမ်း ခြောက်ခဲ့ကြောင်း ဆင်အကအဖွဲ့များထံမှ သိရှိရသည်။

“၂၀၁၉ မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဆင်တွေ မပြိုင်မနေရ ဝင်ရောက်ယှဉ်ပြိုင်ရမယ်။ ဝင်ပြိုင်မယ့်ဆင်အကတစ်ဖွဲ့ကို ၁၀ သိန်းပေးမယ်။ မပြိုင်ရင်တရားစွဲ ဖမ်းဆီးထောင်ချမည်”ဟု ပြောဆိုခဲ့ကြောင်း ဆင်အက အဖွဲ့များက ပြောကြားသည်။

ကျောက်ဆည်မြို့၏ ဆင်အက ပြိုင်ပွဲကို ကိုဗစ် ၁၉ ရောဂါကြောင့် ၂၀၂၀ခုနှစ်မှ စတင်ရပ်နားထားခဲ့ရခြင်းဖြစ် သည်။

“ပုံမှန်က နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်က ဆင်အကပြိုင်ပွဲ၊ လပြည့်နေ့ဆင်လှူပွဲ။ အခုက လပြည့်ကျော် ၁၃ ရက်တဲ့။ တစ်ခါဒီလိုမလုပ်ဖူးဘူးဗျ။ ရာဇဝင်လည်း မရှိဘူး။ အခုက တိုင်းပြည်အေး ချမ်းနေပါပြီဆိုတဲ့ ပုံမျိုးနဲ့ ဆင်ပွဲအတု လုပ်ပြီး သူတို့ကိုထောက်ခံသယောင် လုပ်တဲ့ပွဲဆိုတာ တစ်မြို့လုံးသိတယ်။ အခုက လက်နက်အားကိုးနဲ့ အနိုင် ကျင့်တာပဲ။ တချို့က ဖားယားပြီး ဒိုင်လုပ်နေရာယူချင်တဲ့အကောင်တွေကပါသေးတယ်” ဟု ဆင်အကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဘော်ကြယ်ဆင်အကတွင် ညဏ်လင်းထက်၊ မိုးမင်း၊ သားခေတ်၊ ရိုးရာဆင်အကတွင် မြင်စိုင်းဇာနည်၊ မြတ်ဂုဏ် ရောင်၊ ပိတောက်မြိုင်၊ ဇာနည်ဘွား၊ မင်းမင်းနိုင်၊ ပြည်အားမာန် ကလေးဆင်အကတွင် မင်းဇာနည်၊ ဘိုကေ တို့အစည်း အဝေးတက်ရောက်ပြီး ဝင်ပြိုင်မည်ဟု စာရင်းပေးသော ဆင်အကအဖွဲ့များမှာ ဇော်ဂျီမောင်၊ မိုးမင်း၊ သားခေတ်၊ မြင်စိုင်းဇာနည်၊ မြတ်ဂုဏ်ရောင်တို့ဖြစ်ပြီး ကျန်သည့် ဆင်အကအဖွဲ့များမှာ ဝင်ရောက်ယှဉ်ပြိုင်လိုခြင်းမရှိကြောင်း၊ စစ်ကောင်စီမှ မတရား တရားစွဲဖမ်းဆီးမည်ဆို၍ အခက်ကြုံနေရကြောင်း ဆင်အကအဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article