27 C
Yangon

မန္တလေး စိန်ပန်း ဂေါဝိန်ဆိပ်ကမ်းမှ ရိက္ခာနှင့်ခဲယမ်းတင် စစ်သင်္ဘော ၆ စီး ဗန်းမော်ဘက်သို့ ယနေ့ ထွက်ခွာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေး စိန်ပန်း ဂေါဝိန်ဆိပ်ကမ်းမှ ရိက္ခာနှင့်ခဲယမ်းများ တင်ဆောင်ထားသော စစ်သင်္ဘော ၆ စီး ဗန်းမော်ဘက်သို့ ယနေ့ ထွက်ခွာသွားကြောင်း မန္တလေးဒေသ ခံများနှင့်ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာ ၁၄ ရက်နေ့ စိန်ပန်းဂေါဝိန်ဆိပ်ကမ်း ၃၈-လမ်းတည့်တည့် တွင်ဆိုက်ကပ်ထားသည့် နှစ်ထပ်သင်္ဘော ၅ စီးသည် ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ဆောင်ကြကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် စတင်ထွက်ခွာခြင်း ဖြစ်ကြောင်း၊ နှစ်ထပ်စစ်သင်္ဘောနာမည်များမှာ ပြဒါးရှင် ၊ ပတိုင်း၊ ပင်လုံ၊ ပြည်သူ၊ ပေါက်တန်း တို့ဖြစ်ကြောင်း သိရှိရသည်။

နှစ်ထပ်သင်္ဘောတွင် ဘန်ကာများ၊ ခေါင်မိုးပေါ်တွင် စက်သေနတ်များ တပ်ဆင်ထားကြောင်း၊ ထို့ပြင် လက်နက် အပြည့်အစုံတပ်ဆင်ထားသော စစ်သေင်္ဘာတစ်စီးပါ နှစ်ထပ်သင်္ဘော ၅ စီးကို ဝန်းရံလိုက်ပါကြောင်း၊ စစ်သင်္ဘောတစ်စီးလျှင် အင်အား ၂၅ မှ ၃၀ ဝန်းကျင်ပါဝင်ပြီး အသင့်အနေအထားဖြင့် ဆိပ်ကမ်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရိက္ခာ၊ လက်နက် တင်ပို့နေတဲ့ အဲဒီနှစ်ထပ်သင်္ဘောတွေပဲ။ ဟိုတစ်ခါလည်း တစ် ခေါက် ဗန်းမော်အထိ တက်သွားပြီးပြီ။ အဲဒီသင်္ဘောအုပ်စုပဲ သွားလိုက် ပြန်လိုက် ရိက္ခာတင်ပို့နေတာ။ ” ဟု ဂေါဝိန်ဆိပ် အနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မန္တလေးဂေါဝိန်ဆိပ်မှ ထွက်ခွာသွားသော စစ် သင်္ဘော အုပ်စု။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article