32 C
Yangon

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က တိုင်း ရင်းသားများကို မက်လုံးပေးပြီး ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရန် အာဏာ ဆက်ယူမည့် အလားအလာများ ထုတ်ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဟုဆို တိုင်းရင်းသားများကို မက်လုံးပေးပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက် အာဏာရယူထားမည့် အလားအလာ များကို ထုတ်ဖော်ပြောဆိုသွားသည်။

ယနေ့ NCA ၇ နှစ်ပြည့် အဖြစ် အကြမ်းဖက်မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် NCA ကို ဆက်လက် ကိုင်စွဲ ရပ်တည်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေး အပြည့်အ၀ ရစေရန် PR အချိုးကျ ရွေးကောက်ပွဲစနစ်ကို သွားခြင်းဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆက်လက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ပေးထားပြီး ယင်းအခြေခံဥပဒေကို တစ်ဦးတစ်ယောက်တည်းက ရေးဆွဲထားခြင်းမဟုတ်ကြောင်း၊ တိုင်းရင်းသားအများစု ပါဝင်သည့် အမျိုးသားလွှတ်တော်က ဥပဒေပြဋ္ဌာန်းခွင့်များရရှိရန် အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားသည့် ပြည် ထောင် စုစနစ်ကိုသာ သွားရမည်ဖြစ်ကြောင်း အကြမ်းဖက်မင်းအောင် လှိုင်က ထုတ်ဖော်ပြောဆိုသွားသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများမှာလည်း ၂၀၀၈ အခြေခံဥပဒေအရ စစ်တပ်က တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း အာဏာသိမ်းမှုကို ၂၀၀၈ အခြေခံဥပဒေဖြင့် မင်းအောင်လှိုင်က အကာအကွယ်ယူပြောပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရာတွင် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၎င်းက အာဏာဆက်ယူမည့် အလားအလာများ ထုတ်ပြောသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article