ရန်ကုန်၊ အောက်တိုဘာ ၁၅
ရန်ကုန် သုံးခွမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့ကြောင်း သိရသည်။
ဗကသ ကျောင်းသားများသည် “အဖိနှိပ်ခံတို့ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ” စာသား ချိတ်ဆွဲပြီး စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လှုံ့ဆော် စာသားများကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။