ရန်ကုန်၊ အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင်အရှင်းဖမ်းမိသော ခမရ ၃၅၈ မှ အရာရှိနှင့်စစ်သား ၁၆ ဦးတွင် ဗိုလ်မှူး အောင်ကျော်မင်း၊ ဗိုလ်ကြီးမြင့်မြတ်သူနှင့်အတူ ကလေးစစ်သား အသက် ၁၆ နှစ်အရွယ် တပ်သားပြည်စုံပါဝင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ခမရ ၃၅၈ မှ စုစုပေါင်းအင်အား ၄၃ ဦးပါ စစ်ကြောင်းသည် KNU ၊ PDF မဟာမိတ် စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ် ပွားပြီးနောက် ၁၆ ဦးက လက်နက်ချကြောင်း၊ သေဆုံးသူ စစ်သား ၄ ဦးရှိပြီး စစ်သား ၂၃ ဦးမှာ လက်နက်ကိုယ်စီဖြင့် ထွက်ပြေးသွားကြကြောင်း သိရှိရသည်။
အရှင်ဖမ်းဆီးရမိသော စစ်သုံ့ပန်းများတွင် ဗိုလ်မှူး အောင်ကျော်မင်း၊ အသက် ၃၇ နှစ်၊ ဗိုလ်ကြီး မြင့်မြတ်သူ ၊ အသက် ၂၇ နှစ် ၊ ကလေးစစ်သား တပ်သား ပြည့်စုံတို့ပါဝင်ကြောင်း သိရှိရသည်။