ရန်ကုန်၊ အောက်တိုဘာ ၁၇
ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို မြောက်ဥက္ကလာမြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြောက်ဥက္ကလာမြို့နယ် အတွင်းရှိ ကျောင်းသားသမဂ္ဂများ စုပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။